တကိုယ်တော် ဆန္ဒပြသမားကြီး ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေ

Monday, December 15, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင်။ ။ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူ တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း သည် စစ်ကိုင်းတိုင်း ကလေးထောင်ထဲ၌ တောင်းဆိုချက်မပါဘဲ အစာငတ်ခံ ဆန္ဒပြနေသည်မှာ တပတ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

ပြီးခဲ့သည့်အပတ် တနင်္လာနေ့မှ စတင်ကာ တောင်းဆိုချက်များ ပြောကြားခြင်း မပါရှိဘဲ မည်သူ့ကိုမှ စကားမပြော သလို၊ အစာမစားဘဲ၊ အပြင်မထွက်ဘဲ ဆန္ဒပြနေခြင်းဖြစ်သည်။

"သူက အစားလည်း မစားဘူး။ ဘယ်သူ့မှလည်း စကားမပြောဘူး။ လမ်းတွေဘာတွေ ထွက်မလျှောက်ဘူး။ အသက်ကြီးပြီ ဆိုတော့ ဒီလိုလုပ်တော့ ကျန်းမာရေးအတွက် ပူရတာပေါ့နော်။ မေးကြည့်တော့ အမြင်ကပ် လို့ကွာလို့ ပြောတယ်တဲ့။ ဘာကို အမြင်ကပ်မှန်းလဲ မသိဘူး" ဟု မကြာသေးခင်က ထောင်ဝင်စာသွားတွေ့သည့် အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသူတဦးက မဇ္ဈိမကို ပြောသည်။

အသက် ၆၂ နှစ် ရှိပြီဖြစ်သော ဦးအုန်းသန်းသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ အမေရိကန် သံရုံးရှေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တကိုယ်တော် ဆန္ဒပြသဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ထောင်ဒဏ် နှစ် ၂၀ နှင့် ငွေဒဏ် ကျပ် တထောင် ချမှတ်ခဲ့သည်။

ဦးအုန်းသန်း၏ သမီးဖြစ်သူ မအိအိမွန်က "သူ့ကျန်းမာရေး စိုးရိမ်ရတဲ့ အခြေနေ မဟုတ်နေပေမယ့် အခုလို ဖြစ်တော့ စိုးရိမ်တာပေါ့နော်။ ဘာလို့လုပ်လဲလို့ ဆိုတာတော့ အခုထိ မသိရဘူး။ အဖေက ဘယ်သူနဲ့မှ စကားမပြောဘူး ဆိုတော့လေ" ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထောင်ဝင်စာ သွားတွေ့ချိန်တွင် ကျန်းမာရေး ကောင်းနေသော်လည်း အနည်းငယ် ပိန်ချုံးသွားသဖြင့် ယခုလို ဆန္ဒပြမှု ရှည်ကြာလာမည်ဆိုပါက ကျန်းမာရေးအတွက် စိုးရိမ်နေရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

"အဲဒီတုန်းက အတွေ့မခံဘူး။ ခဏပဲ ထွက်လာတွေ့တယ်။ ပြီးတော့ နောက် လုံးဝမလာနဲ့ဆိုပြီး အဆုံးစွန်ထိ ပြောလိုက်တယ်လေ။ လောလောဆယ်တော့ အဖေက လုံးဝ လာမတွေ့နဲ့ ပြောထားတော့ အခြေအနေပဲ စောင့်ကြည့်အုံးမယ်" ဟု သူက ပြောသည်။

ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ဦးအုန်းသန်းကို ပြစ်ဒဏ်ချမှတ်ပြီးနောက် တလအကြာတွင် ရန်ကုန်မှ မန္တလေးထောင် သို့ အာဏာပိုင်များက ပြောင်းရွှေ့ခဲ့သည်။

မန္တလေး ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြမှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ မေလလအတွင်း တဖန် ပြောင်းရွှေ့ခဲ့ပြန်သည်။ ထိုမှတဆင့် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ကလေးထောင်သို့ ရွှေ့ပြောင်း လိုက်သည်မှာ ၂ လ ခန့်သာ ရှိသေးကြောင်း သိရသည်။

ထောင်ဝင်စာသွားတွေ့စဉ်က ဦးအုန်းသန်းသည် တရားအလွန်ထိုင်ပြီး သူ့၏ ယုံကြည်ချက်အတိုင်း ဆက်လုပ် သွားမည့် အကြောင်း သမီးဖြစ်သူကို ပြောပြခဲ့သည်။

ဦးအုန်းသန်းသည် ၂ဝဝ၄ ခုနှစ်အတွင်းကလည်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရှေ့တွင် ပထမဆုံးအကြိမ် တကိုယ်တော် ဆန္ဒပြခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး၊ ၂ဝဝ၇ ခုနှစ် အတွင်း ကလည်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒထုတ်ဖော်ပွဲများ၊ တကိုယ်တော် ဆန္ဒပြပွဲများကြောင့် ၆ ကြိမ်မျှ ဖမ်းဆီးခံခဲ့ရသေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */