သတင်း မဇ္ဈိမ | ချင်းမိုင်။ ။ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ၃ လကြာ ၀င်ရောက် စီးနင်းထားခဲ့သော အစိုးရ အိမ်တော်ဝင်းမှ ထွက်ခွာမည်ဟု ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။
လူအများ အံ့သြသွားစေဖွယ်ဖြစ်သည့် လုပ်ဆောင်မှုတွင် ဒီမိုကရေစီရေး ပြည်သူ့မဟာမိတ်အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သော ဂျမ်းလောင်း ဆရီမောင်က အစိုးရအိမ်တော်ဝင်းအတွင်း ဆန္ဒပြနေသူများ အနေဖြင့် အိမ်တော်မှ ထွက်ခွာ၍ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ်တို့တွင် သွားရောက်စုဝေးရန် အကြောင်းကြား လိုက်သည်ဟု ထိုင်းနေ့စဉ်ထုတ် သတင်းစာကြီးဖြစ်သော နေရှင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
"လေဆိပ်တွေမှာ ဆက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြတာတွေ ဆက်လုပ်ဖို့ ကျနော် ဆက်လက် ဦးဆောင် သွားမှာပါ။ ကျနော်တို့ အစိုးရအိမ်တော်ကနေ ထွက်မယ်။ ပစ္စည်းပစ္စယတွေ၊ တဲတွေကို နေရာသစ်ကို ရွှေ့ဖို့ ပီအေဒီ (ဒီမိုကရေစီရေး ပြည်သူ့မဟာမိတ်အဖွဲ့) ရဲ့ အစောင့်တွေကို ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်" ဟု နေရှင်းက ဂျမ်းလောင်း၏ ပြောစကားကို ကိုးကား ရေးသားထားသည်။
အစိုးရ ထောက်ခံသူများ၏ တိုက်ခိုက်မှုများကြောင့် အိမ်တော်ဝင်းသည် လုံခြုံမှု မရှိတော့ဟုလည်း ဂျမ်းလောင်း က ပြောကြား သွားသည်ဟု ဆိုသည်။
သို့သော်လည်း အချို့သော ဆန္ဒပြသူများက မထွက်ခွာလိုကြောင်း ပြန်လည် ပြောကြားခဲ့ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ကတည်းက အစိုးရအိမ်တော်ကို ပီအေဒီတို့က စီးနင်း သိမ်းပိုက်ထားပြီး ပြုတ်သွားပြီဖြစ်သော ၀န်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျနှင့် လက်ရှိ ၀န်ကြီးချုပ် ဆွမ်ချိုင်း ဝုန်းဆဝတ်တို့ကို ရုံးတက်ခွင့် မရအောင် ပြုလုပ်ထားသည်။
ပီအေဒီက လေဆိပ်သို့ သွားရောက် ပူးပေါင်းလိုသူ ဆန္ဒပြသူများကို ကားများဖြင့် ပို့ဆောင် ရွှေ့ပြောင်း ပေးခဲ့သည်။
ထိုင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ အိမ်တော်ဝင်းမှ ထွက်ခွာမည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment