ထူးကုမ္ပဏီက Woodland Travel ပိုင် ဟိုတယ်များ လွှဲပြောင်းရယူ

Tuesday, November 25, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင်။ ။ ထူးမိသားစုပိုင် ကုမ္ပဏီက မန္တလေးတိုင်းအတွင်းရှိ အထင်ကရ ခရီးသွား ဒေသရှိ Woodland Travel ပိုင် ဟိုတယ်များကို ယခုအခါ လွှဲပြောင်းယူနေပြီ ဖြစ်သည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်တွင်းမှ Kandawgyi Lodge နှင့် ပုပ္ပါးမှ Popa Mountain Resort တို့ကို ယခင် Woodland Travels ပိုင်ဆိုင်မှုမှ နအဖ စစ်ခေါင်းဆောင်များနှင့် နီးစပ်သူဟု လူသိများသော ဦးတေဇ၏ ထူးလုပ်ငန်းစုများ၏ အပိုင်အဖြစ် လွှဲပြောင်း ရယူနေခြင်း ဖြစ်သည်။

ထူးကုမ္ပဏီကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုနှင့် အထူးရင်းနှီးသည်ဟု ကျော်ကြားသော ဦးတေဇက ပိုင်ဆိုင်ပြီး အမေရိကန်နိုင်ငံက စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်း ခံထားရသည်။

"Woodland က မကိုင်တော့ဘူး။ Kandawgyi Lodge က နိုဝင်ဘာ ၁ ရက်နေ့က စပါတယ်။ ငွေရှင်းတာကို ထူးက ကုမ္ပဏီတွေကို ကိုယ်တိုင် လာကောက်မယ် ပြောပါတယ်။ Popa Mountain Resort ကတော့ ဒီဇင်ဘာ ၁ ရက်နေ့ စမယ်" ဟု Woodland Travel နှင့် ဆက်စပ်လုပ်ကိုင်နေသော ရန်ကုန်ရှိ ခရီးသွားအေဂျင်စီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်၌ Kandawgyi Lodge ရုံးခွဲတခု ဖွင့်လှစ်ရန် စီစဉ်နေပြီး၊ လောလောဆယ်တွင် ကြိုတင်အခန်း မှာကြားမှုကို အဆိုပါ ဟိုတယ်သို့ တိုက်ရိုက် လုပ်ရသည်။

"Popa Mountain Resort အတွက်ကတော့ ဘယ်လိုလာမလဲ မသိသေးဘူး။ အခု Reservation (အခန်း ကြိုတင်မှာယူမှု) တွေတော့ အဲဒီကိုပဲ တိုက်ရိုက်လုပ်ပြီး ငွေကိုလည်း အဲဒီမှာပဲ ချေရတယ်" ဟု အဆိုပါ မန်နေဂျာက ပြောပြသည်။

ယခုလို ဟိုတယ် စီမံရေးရာ အပြောင်းအလဲအတွက် ခရီးသွားလုပ်ငန်းများကို အကြောင်းကြားခြင်း မရှိဘဲ ဟိုတယ်အခန်း ကြိုတင် မှာယူရာမှသာ သိကြရခြင်း ဖြစ်သည်။

ရန်ကုန်ရှိ Woodland Travel ရုံးမှ ၀န်ထမ်းတဦးက "အခုလောလောဆယ် လူကြီးတွေ မရှိတော့ ဘာမှ ပြောလို့မရပါဘူး။ နောက်ကျရင်တော့ ကုမ္ပဏီတွေကို စာနဲ့ အကြောင်းကြားမှာပါ" ဟု မဇ္ဈိမကို ပြောသည်။

Woodland Travel သည် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီး ၄၃၆ ဒဿမ ၉၆ ဧက အကျယ်ရှိသော ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ် ပြုပြင်မွမ်းမံရေး စီမံကိန်းကို ၂၀၀၀ ပြည့်နှစ်က စတင်လုပ်ဆောင်ခဲ့သည်။

ထို့နောက် ဧည့်သည်များ တည်းခိုရန်အတွက် ၂ ခန်းတွဲ ဘန်ဂလို ၁၀ လုံးပါ Kandawgyi Lodge ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ပုပ္ပါးတွင်လည်း Popa Mountain Resort ကို တည်ဆောက်ခဲ့သည်။

Woodland Travel မှ လုပ်ဆောင်နေသော ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ် ပြုပြင်မွမ်းမံရေး စီမံကိန်းနှင့် ပတ်သက်၍ သစ်တောဦးစီးဌာန အရာရှိတဦးကတော့ လွှဲပြောင်းရေးအတွက် ဆွေးနွေးမှုများ လုပ်ဆဲ ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ်သည် မြန်မာနိုင်ငံတွင် ရုက္ခဗေဒ လေ့လာသူများအတွက် ရှားပါး သစ်ပင် ပန်းမန်များ အများဆုံး ထိန်းသိမ်းထားရာ နေရာတခုဖြစ်သည်။

မြန်မာ့ခရီးသွား လုပ်ငန်း၏ စာရင်းအရ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန် အထိ လာရောက် လည်ပတ်သူများထံမှ ၀င်ကြေးငွေ ကျပ်သိန်းပေါင်း ၈၀ နီးပါး ရရှိခဲ့သည်ဟု သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */