နောက်ထပ် GW အဖွဲ့ဝင် ၅ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်

Friday, November 21, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ Hip-Hop အဆိုတော်နှင့် Generation Wave – GW အဖွဲ့ဝင် ကိုဇေယျာသော် (ခ) ကျော်ကျော်နည်းတူ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ အခြား အဖွဲ့ဝင် ၅ ဦးလည်း ယနေ့တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသည်။

ယနေ့တွင် ကိုဇေယျာသော်အား တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သလို၊ အခြား GW အဖွဲ့ဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဘို၊ ကိုသီဟ၀င်းတင်၊ ကိုဝေလင်းဖြိုးနှင့် ကိုရန်နိုင်သူတို့လည်း ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှပင် တရားမ၀င် အသင်း အဖွဲ့ ဖွဲ့စည်းမှု စွဲချက်ဖြင့် ယနေ့နံနက်ပိုင်းက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ခံစားရတယ်။ အမည်မဖော်နိုင်အောင်ကို ခံစားရတယ်။ ငါးနှစ်ဆိုတာ ကျမတို့အတိုင်းတာအရ များပါတယ်။ သားက ME မပြီးသေးဘူးလေ။ ပညာရေးအတွက် အခွင့်အရေး ဆုံးရှုံးသွားတာပေါ့" ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ကြားနာခဲ့သူ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်းက မဇ္ဈိမကို ပြောသည်။

ဖခင်ဖြစ်သူ ဦးဘိုခိုင်ကလည်း "အန်ကန်တို့တော့ အယူခံဝင်မယ်။ ဖြစ်နိုင်ရင် ဗဟိုအထိတက်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမယ်" ဟု ပြောသည်။

တရားရုံးက အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်ကားဖြင့် ကိုအောင်ဇေဖြိုးအား ခေါ်ထုတ်သွားစဉ် တရားခွင်တွင် လာရောက်၍ အမှုနားထောင်သည့် သွေးကြောကျဉ်းဝေဒနာ ခံစားနေရသူ မိခင်မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာ ဗဟိုစည် ပုဂ္ဂလိကဆေးရုံတွင် ခေတ္တဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအခါ ပြန်လည် သက်သာလာပြီ ဖြစ်သည်။

အာဏာပိုင်များမှ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ̸ ၈၈ ဖြင့် ကိုအောင်ဇေဖြိုးအား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း မိဘများအနေဖြင့် ၄င်းအဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဟု မသိရှိခဲ့ရကြောင်း မိခင်ဖြစ်သူက ယခုလို ပြောဆိုသည်။

"သားက ကျောင်းတဖက်၊ ကားအရောင်းအ၀ယ်ကတဖက်၊ ME တက်ဖို့ဆိုပြီးတော့ အင်္ဂလိပ်စာကျူရှင် တက်နေတာ။ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်နေခဲ့တာ မသိခဲ့ဘူး။ ဖမ်းပြီးတော့ ဗဟန်းရဲစခန်းကနေ လမ်းမတော်ကို ပြောင်းပြီး ဘာအမှုဆိုတာ ပြောပြမှပဲ ဒေါ်ဒေါ် သိခဲ့ရတယ်" ဟု မိခင် ဒေါ်ကျင်စန်းက ပြောသည်။

ကိုအောင်ဇေဖြိုးသည် အင်ဂျင်နီယာ မဟာဘွဲ့ပညာ ဆက်လက်ဆည်းပူးနေသည့် ကျောင်းသားဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် GW ခေါ် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် ရွှေဝါရောင် တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် လူငယ်အဖွဲ့စည်းတခုဖြစ်ကာ စစ်အစိုးရအား ဆန့်ကျင်သည့် တေးသီချင်းများ ရေးစပ်ခြင်းဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းများဖြင့် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */