သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရေး ပဋိပက္ခ ကြီးထွားလာနေမှုကြောင့် ချင်းမိုင်မြို့တွင် လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်သော အာဆီယံ ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် စဉ်းစားနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွမ်ဖုန်း အမွန်းဝိ၀တ် က ကြာသပတေးနေ့က ပြောလိုက်သည်။
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများမှ ဘန်ကောက်မြို့ရှိ ပင်မ နိုင်ငံတကာ လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်နှင့် ဒွန်မောင်းလေဆိပ်တို့ကို ပိတ်ထားလိုက်သည့်နောက် အစိုးရအဖွဲ့၏ အရေးပေါ် ကက်ဘိနက် အစည်းအဝေးကို မြောက်ပိုင်းဒေသခရှိ ချင်းမိုင်မြို့တွင်လာရောက် ပြုလုပ်နေခဲ့ရသည့် အခြေအနေမှ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။
ဆန္ဒပြမှုများကို ရှောင်နိုင်ရန်အတွက် အာဆီယံ ထိပ်သီးအစည်းဝေးကို ရက်ရွှေ့သင့်မသင့်ကို စဉ်းစားနေကြောင်း ဆွန်ဖောင်က ပြောသည်ကို ထိုင်းသတင်းစာ နေးရှင်း၏ ၀ဘ်ဆိုဒ် သတင်းတရပ်တွင် ဖော်ပြထားသည်။
မြို့တော်ဘန်ကောက်တွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့သော်လည်း ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပွားနေ၍ ချင်းမိုင်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ရွှေ့ပြောင်းကျင်းပရန် သတ်မှတ်ခဲ့သည်။
မြန်မာအစိုးရ ကိုယ်စားလှယ်များ အပါအ၀င် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်များနှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားမှ ခေါင်းဆောင်များ ပါဝင်တက်ရောက်မည့် အစည်းအဝေးကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။
အာဆီယံ ထိပ်သီးအစည်းအဝေး ရွှေ့ဆိုင်းရန် ထိုင်းက စဉ်းစားနေ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment