မြန်မာ့ခရီးသွားလုပ်ငန်း အနည်းငယ် ဦးမော့လာ

Tuesday, November 25, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းအပြီး ကျဆင်းနေသော မြန်မာ့ခရီးသွားလုပ်ငန်းမှာ ပြီးခဲ့သည့် ယခုလပိုင်းအတွင်း အနည်းငယ် ပြန်လည် ဦးမော့လာသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ စာရင်းတခုအရ ရန်ကုန်လေဆိပ်မှ မြန်မာပြည်သို့ ၀င်ရောက်သော ခရီးသွား ဧည့်သည်ဦးရေမှာ ပြီးခဲ့သည့် စက်တင်ဘာလတွင် ၁၁,၂၄၅ ဦး ရှိခဲ့ပြီး၊ အောက်တိုဘာလကုန်အထိ ၁၇,၈၄၈ ဦး ၀င်ရောက်လာသည်ဟု သိရသလို၊ ဟိုတယ်/ခရီးလုပ်ငန်းများမှ တာဝန်ရှိသူများက သူတို့၏ လုပ်ငန်းတွေ့ရှိချက်ကို ပြောဆိုကြခြင်း ဖြစ်သည်။

"တက်လာတယ်ဆိုပေမယ့် သိပ်နည်းတော့ အားမရပါဘူး။ နောက်လတွေမှာတော့ တိုးလာမယ် မှန်းထားတာပဲ" ဟု ဟိုတယ်ခရီးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်ရှိ ခရီးသွားလာရေး အေဂျင်စီတခုမှ မန်နေဂျာတဦးကလည်း "အရင်က နိုဝင်ဘာလအတွက်က ဘာခရီးစဉ်မှ မရှိဘူး။ အခုလပိုင်းတွေမှာ နည်းနည်း ပြန်တက်လာတယ်။ အရင်နှစ်တွေတုန်းလိုတော့ လုံးဝ မမီဘူး" ဟု ပြောပြသည်။

သို့သော် နိုဝင်ဘာလအတွင်း ၂၄ ရက်နေ့အထိ ရန်ကုန်လေဆိပ်သို့ ၀င်ရောက်သော နိုင်ငံတကာမှ ခရီးသွား ဧည့်သည်ဦးရေမှာ ၁၃,၁၃၆ သာ ရှိသည်။

နယ်စပ်ဝင်ပေါက်များဖြစ်သော မူဆယ်၊ တာချီလိတ်နှင့် ကော့သောင်း တို့မှ ၀င်ရောက်သော ခရီးသွား ဦးရေမှာ စက်တင်ဘာလတွင် ၃၈,၃၅၁ ဦးနှင့် အောက်တိုဘာလတွင် ၅၀,၇၃၃ ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သော ခရီးသွားများမှာ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် ကိုရီးယားမှ အများစုဖြစ်ပြီး အမေရိကနှင့် ဥရောပမှ ခရီးသွားများမှာ အနည်းစုဖြစ်ကြသည်။

အမြတ်အများဆုံးရရှိသော အမေရိကနှင့် ဥရောပ ခရီးသွားဈေးကွက်သည် မြန်မာ့ခရီးသွားလုပ်ငန်း၏ ၇၀ ရာနှုန်းနီးပါးကို နေရာယူထားပြီး ကျန် ၃၀ ရာနှုန်းခန့်မှာ အာရှ၊ တရုတ်နှင့် ဂျပန် ဈေးကွက်များ ဖြစ်သည်။

ဥရောပနှင့် အာရှ ခရီးသွားလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော အေဂျင်စီတခုမှ တာဝန်ရှိသူက "နောက်လတွေ အတွက်ကတော့ ခရီးစဉ် စုံစမ်းတာတွေပဲ ရှိတယ်။ သူတို့က confirm (အတည်ပြု) လုပ်မှပဲ booking (ကြိုတင်မှာယူ) တက်တယ် ပြောလို့ ရမယ်။ အခုက ဘာမှ ကြိုမပြောနိုင်သေးဘူး ဖြစ်နေတယ်" ဟု ပြောပြသည်။

လက်ရှိတွင် ကမ္ဘာလှည့်ခရီးသည် အများစုသည် ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေး ဒေသများသို့သာ သွားရောက် လည်ပတ် ကြ၍ အဆိုပါ ဒေသများရှိ ဟိုတယ်လုပ်ငန်းများအတွက် မထောင်းတာသော်လည်း ငပလီ ကမ်းခြေမှ ဟိုတယ်များမှာမူ အခက်ကြုံရသည်။

"ငပလီက သံတွဲ ဟိုတယ်ဆိုရင် ပြီးခဲ့တဲ့လတုန်းက ဧည့်သည်မရှိလို့ ဆိုပြီး ပိတ်လိုက်ရတယ်။ ဒီလကျမှ သူတို့ဧည့်သည် နည်းနည်း ပြန်ဝင်တော့ ပြန်ဖွင့်လိုက်တယ်" ဟု သူက ပြောပြသည်။

ထို့အတူ ငပလီကမ်းခြေမှ အခြား ဟိုတယ်များမှာလည်း အခန်းခ နှုန်းထားများ လျှော့ချပြီး ဈေးကွက် မြှင့်တင်ရေး များကို လုပ်နေကြရသည်ဟု သိရသည်။

"ဈေးနှုန်းကို အထူးနှုန်းလေးတွေ လုပ်ပေးရတယ်ပေါ့နော်။ နောက် အခုက ဧည့်သည်တော့ နည်းနည်း ပြန်ဝင်လာတယ်။ အဆိုးကြီး မဟုတ်ပေမယ့် အရင်တုန်းက အခြေနေကိုတော့ မမီပါဘူး" ဟု ငပလီ Sandoway Resort မှ တာဝန်ရှိသူတဦးက ပြောသည်။

ရှေးဟောင်းမြို့တော့ တခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားသော ပုဂံမြို့ရှိ နိုင်ငံခြား ဈေးကွက် ကိုသာ အားပြုသော ဟိုတယ်များမှာလည်း ဧည့်သည်နည်းပါးသောဒဏ်ကို ခံနေကြရသည်။

ပုဂံရှိ သီရိပစ္စယာ ဟိုတယ်မှ ၀န်ထမ်းတဦးက "ပုဂံမှာက ဟိုတယ်တွေ များတယ်။ ကျမတို့က ဈေးနှုန်းက မြင့်တာရယ် နောက် နိုင်ငံခြားသား အတွက်ချည်းလိုဖြစ်နေတော့ ဧည့်သည်က ပါးသွားတော့ မလွယ်ပါဘူး" ဟု ပြောသည်။

ကုမုဒြာ ဟိုတယ်မှ တာဝန်ရှိသူတဦးကမူ "ကျမတို့ ဟိုတယ်ကတော့ ပြည်တွင်းခရီးသွားတွေကိုလည်း ဦးတည်ထားတော့ အရမ်း အဆိုးကြီးတော့ မဟုတ်ဖူးပေါ့နော်။ နိုင်ငံခြားသားကတော့ အရင်နှစ်ထက်စာရင် နည်းတယ်" ဟု ပြောသည်။

ဧည့်လမ်းညွှန်များ အနေဖြင့်လည်း ခရီးသွားဦးရေ အနည်းငယ်ပြန်တက်လာသောကြောင့် အလုပ် ပြန်ရသူများ ရှိသလို အလုပ်မရသူများလည်း ရှိနေသေးသည်။

"လာတဲ့ ဧည့်သည်နဲ့ လုပ်ငန်းခွင်မှာ ရှိနေတဲ့ ဂိုက်ဦးရေက မမျှတော့ တချို့ အလုပ်မရဘူး။ ကျနော်တောင် ကျနော့်ကို ခေါ်နေကျ အေးဂျင့်က ခေါ်လို့ အလုပ်နည်းနည်း ပြန်ရတယ်ဗျာ" ဟု ရန်ကုန်မြို့မှ ၀ါရင့် ဧည့်လမ်းညွှန် တဦးက ပြောသည်။

မန္တလေးမြို့မှ ဧည့်လမ်းညွှန်တဦးကလည်း "အခု နည်းနည်းလေးတော့ ပြန်တက်လာတာပေါ့ဗျာ။ ဒါပေမဲ့ အဆင်မပြေ သေးပါဘူးဗျာ။ အဆင်မပြေတော့ရင်တော့ တခြား အလုပ်ပြောင်းလုပ်တော့မယ်" ဟု ပြောဆိုလိုက်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */