မြန်မာ့အရေး ကုလသမဂ္ဂ နှုတ်ဆိတ်နေ

Friday, November 21, 2008 ·

သတင်း ဧရာဝတီ | နိုင်ငံရေး လှုပ်ရှားတက်ကြွ သူများကို မြန်မာစစ်အစိုးရက နှစ်ရှည် ထောင်ဒဏ်များ ချ၍ ဖိနှိပ်အရေးယူမှုများ ပြုလုပ်နေချိန်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ယနေ့အချိန်ထိ နှုတ်ဆိတ် နေသေးသည်။

ဓာတ်ပုံ - အေပီ

မြန်မာ့အရေးကို အထူးစိတ်ဝင်စားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ တို့က ယနေ့အချိန်အထိ မြန်မာ့အရေးကို ကုလသမဂ္ဂတွင် ရှေ့တန်းတင် ဆွေးနွေးရန် တိုက်တွန်းလျက်ရှိသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားနေသူများကို မြန်မာစစ်အစိုးရက လက်တလော ပြင်ပြင်းထန်ထန် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ၃ နိုင်ငံက အပြင်းအထန်ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ယခုအပတ် အစောပိုင်းက အမေရိကန်အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်တွင် “နိုင်ငံတကာ အသိုင်းအဝန်း က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်တောင်းဆိုသည်ကို မြန်မာအစိုးရက မထီမဲ့မြင် ပြုမူနေမှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနှင့် လုံးဝ နှုတ်ဆိတ် မနေပါနှင့်” ဟု ပါရှိသည်။

သို့ရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လက်ရှိဥက္ကဌ မစ္စတာအာဘီနာက ယခုလကုန်ပိုင်းအထိ မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မရှိသေးကြောင်း ဗုဒ္ဓဟူးနေ့ နယူးယောက်မြို့သတင်း စာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

သူက “ကျနော်ကတော့ မြန်မာ့အရေးကို ကိုယ်စားလှယ်တွေက ထွေထွေထူးထူး ပြောဆိုနေတာ မကြားမိဘူး။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ကောင်စီထဲကို တနေ့တနေ့ မကြားဘူးတဲ့ အကြောင်းအရာ သစ်တွေက မရိုး နိုင်အောင် ဝင်လာနေတတ်တာလေ” ဟု ပြောသည်။

အာဆီယံ သံတမန်တဦးကမူ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ က မြန်မာ့အရေးကို စည်းဝေးပွဲများတွင်ကော အလွတ်သဘောပါ ဆွေးနွေးရန် ကြိုးစားသည်ကို မတွေ့ရ်ဟု ဆိုသည်။

တချိန်တည်းတွင် ယခုအပတ်အတွင်း ကျင်းပသည့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ထိပ်သီး အစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျော့ခ်ျဒလျူဘုရှ်က တရုတ်သမ္မတ ဟူကျင်းတောင် နှင့် တွေ့ဆုံစဉ် မြန်မာ့အရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့အရေးယူများပြုလုပ်ခဲ့ပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီကရေစီအသွင် ပြောင်းလဲရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ အတွက် တရုတ်နိုင်ငံက အဓိက ဖိအားပေးပြောဆိုရန် အရေးကြီးကြောင်း ဘုရှ်က ပြောကြားခဲ့သည်။

စစ်အစိုးရက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက အပြင်းအထန်ကန့်ကွက် ရှုတ်ချ ပြစ်တင်ခဲ့သည်။

အမေရိကန်သမ္မတက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး သံကိုယ်စားလှယ်အဖြစ် ၎င်း ယုံကြည် ကိုးစားရသော မိုက်ကယ်ဂျေဂရင်းအား ခန့်အပ်ရန် ယခုလထဲတွင် အမည်စာရင်း တင်သွင်းထားကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */