အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များ မျှော်လင့်ချက်မဲ့သေဆုံးနေရ

Tuesday, November 25, 2008 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | အာရှတွင် ခုခံအားကျဆင်းမှု ဝေဒနာ အဆိုးရွားဆုံး ခံစားနေရသော နိုင်ငံတနိုင်ငံ ဖြစ်သည့် မြန်မာ နိုင်ငံအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းကာ ၎င်း ဝေဒနာသည်များ အတွက် အေအာတီ ဆေးထောက်ပံ့ရေး အရေးပေါ် တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။


အမ်အက်စ်အက်ဖ် ဝန်ထမ်းတဦးက အိတ်ခ်ျအိုင်ဗီ ဝေဒနာသည် တဦးကို ပြုစုနေစဉ်
မြန်မာပြည်တွင်းရှိ ထောင်ပေါင်းများစွာသော အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့မှာ ဆေးကုသမှုခံယူခွင့်မရရှိဘဲ မျှော်လင့်ချက်မဲ့စွာ သေဆုံးရန် အလားအလာရှိနေကြောင်း ၎င်းအဖွဲ့ အစည်း၏ ကြေညာချက်တွင် ထည့်သွင်း ရေးသား ထားသည်။

အကြမ်းဖျင်း အားဖြင့် မြန်မာပြည်တွင်း၌ ခုခံအား ကျဆင်းမှု ဝေဒနာရှင်ပေါင်း ၂၄၀၀၀၀ ခန့် ရှိနေပြီး ၎င်းတို့ အထဲမှ ၇၆၀၀၀ ခန့်မှာ အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်လျှက်ရှိကြောင်း အမ်အက်စ်အက်ဖ် က သတင်း ထုတ်ပြန် ထားသည်။ အမ်အက်စ်အက်ဖ်က ဆေးကုသရေး အတွက် ထောက်ပံ့ပေးနိုင်မှုမှာ ယခုလက်ရှိ အနေအထားအရ ဝေဒနာသည် အားလုံး၏ ၂၀ ရာခိုင်းနှုန်းထက်ပင် နည်းသေးကြောင်း သိရသည်။

“မနှစ်ကဆိုရင် ဝေဒနာရှင် နှစ်သောင်းခွဲ ကျော်ဟာ အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်နဲ့ ဆက်နွှယ်နေတဲ့ တခြား ရောဂါတွေကြောင့် ကွယ်လွန်ခဲ့ရတယ်။ ဒီနှစ်လည်း အဲဒီကိန်း ဂဏန်းထက် မနည်းတဲ့ အရေ အတွက်လောက် ကွယ်လွန်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဆိုလိုတာက အေအာရ်တီဆေး လိုအပ်နေပြီ ဆိုတာ ထင်ထင်ရှားရှား ပြနေတာပဲ” ဟု အမ်အက်စ်အက်ဖ်၏ အော်ပရေးရှင်း မန်နေဂျာ ဂျိုးဘယ်လီဗျူ ကပြောသည်။

အမ်အက်စ်အက်ဖ် အနေနှင့် မြန်မာနိုင်ငံအတွင်းရှိ ခုခံအားကျဆင်းမှု ဝေဒနာသည် ၁၁၀၀၀ ခန့်ကို အေအာရ်တီဆေး ထောက်ပံ့ပေးခဲ့ချိန်တွင် မြန်မာအစိုးရနှင့် တခြားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း များက မပြောပလောက်သော အရေအတွက်ခန့်သာ ထောက်ပံ့ပေးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

“အန်ဂျီအို အဖွဲ့ တဖွဲ့တည်းက ဒီလောက်ပမာဏများပြားတဲ့ ဝေဒနာရှင်တွေအတွက် ဆေး ထောက်ပံ့ဖို့ဆိုတာ လက်ခံနိုင်စရာ မရှိပါဘူး။ ပြီးတော့ လိုအပ်နေတဲ့ သူတွေအားလုံးကို ကျနော်တို့ လက်လှမ်းမမီနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုက်ရတာပါ” ဟု ဘယ်လီဗျူက ကြေညာချက်တွင် ပြောဆိုထားသည်။

အမ်အက်စ်အက်ဖ် အဖွဲ့အစည်းအနေနှင့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်သစ်များအတွက် အေအာတီ ထောက်ပံ့မှု မလုပ်ပေးနိုင်သောကြောင့် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။ ထိုဝေဒနာရှင်များထဲမှ အနည်းငယ်ခန့်ကို တခြားသော အေအာတီထောက်ပံ့ပေးနေသည့် အန်ဂျီအို တချို့သို့ လွှဲပြောင်းပေးလိုက်ရပြီဖြစ်သည်။

“ဆေးလိုအပ်တဲ့ ဝေဒနာရှင်တွေ အမြောက်အများ ကျန်နေပါသေးတယ်။ ဒါကြောင့် မြန်မာအစိုးရ ကဦးဆောင်ပြီး တခြား နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အေအာတီ ထောက်ပံ့မှုနှုန်းမြှင့်ပေးကြဖို့ ပြင်းပြင်း ထန်ထန် တောင်းဆိုချင်ပါတယ်” ဟု ဘယ်လီဗျူက ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ဆေးကုသမှုခံယူရန် အရေးပေါ်လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များမှာ တနေ့ထက် တနေ့ များပြားလျှက်ရှိနေသည်။ ၂၀၀၇ ခုနှစ်အတွင်းက မြန်မာစစ်အစိုးရသည် ဝေဒနာရှင် တဦးအတွက် သုံးငွေ ကျပ် တထောင်ပင် မပြည့်သကဲ့သို့ ၂၀၀၈ ခုနှစ်တွင်လည်း အလားတူ မပြောပလောက်သော ငွေကြေး ပမာဏ ကိုသာ သုံးခဲ့သည်။ ထိုပမာကို ထောက်ပံ့သည် ဆိုရာတွင် ဝေဒနာရှင် အရေအတွက် ၁၈၀၀ ခန့်အတွက်သာ ဖြစ်သည်။

တခြားတဘက်တွင် ပြန်ကြည့်မည်ဆိုလျှင်လည်း ခုခံအားကျဝေဒနာရှင်များအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပံ့နေမှုမှာ အနိမ့်ဆုံးအဆင့်တွင်ရှိပြီး တဦးလျှင် အမေရိကန် ၃ ဒေါ်လာခန့်သာ ထောက်ပံ့ပေးနိုင်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ အေအာတီဆေး သောက်သုံးနေသူ မြန်မာအမျိုးသားဝေဒနာရှင် တဦးက“ဒီရောဂါ ဆိုးကြီးကို တိုက်ဖျက်ဖို့ သက်ဆိုင်တဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်။ လူသားတိုင်းက လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း မခွဲခြားဘဲ အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေကို ကူညီချင်တဲ့ လူသားချင်းစာနာတဲ့စိတ် ရှိကို ရှိရမယ်” ဟု ပြောသည်။

အမ်အက်စ်အက်ဖ် အနေနှင့် မြန်မာပြည်အတွင်းရှိ အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များကို အေအာတီဆေးကို ဝေဒနာရှင်များနှင့် တိုက်ရိုက်ထိတွေ့ ထောက်ပံ့ပေးသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု ဆိုသည်။

အမ်အက်စ်အက်ဖ်သည် မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှစတင်၍ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား စောင့်ရှောက်ခြင်း လုပ်ငန်းကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ အမ်အက်စ်အက်ဖ် ဝန်ထမ်းများသည် မြန်မာပြည်တွင်းရှိ ဒေသ ၅ နေရာတွင် ဆေးခန်းပေါင်း ၂၃ ခုဖွင့်လှစ်ကာ ဝေဒနာရှင်များအား ပြုစုခြင်း၊ ရောဂါစစ်ပေးခြင်း၊ ကုသခြင်း အပါအဝင် ထောက်ပံ့မှုများ ပေးခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */