မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး လျော့ချမှု အဖြေမရသေး

Sunday, November 16, 2008 ·

သတင်း ဆလိုင်းပီးပီး မဇ္ဈိမ | နယူးဒေလီ။ ။ နှစ်နိုင်ငံအကြား ပြဿနာ တက်နေသော ရေပိုင်နက်မှ စစ်သင်္ဘောများ ဆုတ်ခွာ သွားသော်လည်း မြန်မာ-ဘင်္ဂလား ကုန်းမြေ နယ်စပ်တလျှောက်၌ လုံခြုံရေး တိုးမြှင့်ချမှု လျှော့ကျရန်အတွက် နှစ်နိုင်ငံ ဆွေးနွေးပွဲများမှာ အဖြေမထွက်နိုင်သေးဘဲ ဖြစ်နေသည်။

ရေနံ စမ်းသပ်ရှာဖွေနေသော တောင်ကိုရီးယားနိုင်ငံ ဒေဝူး ကုမ္ပဏီက ပြဿနာ တက်နေသည့် ပင်လယ် ရေပြင်မှ မြန်မာ စစ်သင်္ဘောနှစ်စီး အကူအညီဖြင့် ပြန်လည် ဆုတ်ခွာသွားသလို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း စစ်သင်္ဘောများ ပြန်ဆုတ်သွားသော်လည်း နှစ်နိုင်ငံ မြေပြင်နယ်စပ် လုံခြုံရေးတိုးမြှင့်မှုများ လျှော့ချနိုင်ခြင်း မရှိသေးကြောင်း သိရခြင်းဖြစ်သည်။

"နှစ်ဘက်စလုံးက ပြဿနာကို သံတမန်နည်းလမ်းအရ ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားနေတာဆိုတော့ နှစ်ဘက်စလုံးကပဲ စစ်သင်္ဘောတွေကို ပြဿနာဖြစ်နေတဲ့ ရေပြင်ကနေ ဆုတ်ပေးခဲ့ကြတာပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ရေတပ်ဆိပ်ကမ်း အခြေစိုက်အရာရှိတဦးက မဇ္ဈိမကို ပြောကြားခဲ့သည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ အခြေစိုက် The Daily Star သတင်းဌာန အဆိုအရ မရေမရာဖြစ်နေသော ဆွေးနွေးပွဲနှင့်အတူ နှစ်နိုင်ငံ နယ်စပ်တလျှောက် လုံခြုံရေးကို တိုးမြှင့် တင်းကြပ် ထားသည်ဟုလည်း သိရခြင်းဖြစ်သည်။

"တင်းမာမှုတွေက ရှိနေတုန်းပါပဲ။ နှစ်ဖက်တပ်တွေက နယ်စပ်တလျှောက် အသင့်နေရာယူထားတယ်။ အခြေအနေ က တဖက်နဲ့တဖက် စောင့်နေကြတဲ့သဘော ရှိပါတယ်" ဟု The Daly Star အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံကြား တင်းမာမှုများသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော် လုပ်ကွက်အမှတ် AD-7 တွင် ရေနံရှာဖွေနေသည့် ဒေဝူးကုမ္ပဏီကို အကူအညီနှင့် လုံခြုံရေးပေးရန်အတွက် မြန်မာနိုင်ငံမှ စစ်သင်္ဘော ၂ စီး စေလွှတ်လိုက်သည့်အချိန်မှ စတင်ကာ ဖြစ်ပွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က လုပ်ကွက်အမှတ် AD-7 သည် သူ၏ ပင်လယ်ရေပိုင်နက်ထဲတွင် ရောက်ရှိနေသည်ဟုဆိုကာ ထိုဒေသတွင် မြန်မာအစိုးရမှ ပြုလုပ်နေသော ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများကို ချက်ချင်းရပ်ဆိုင်းပေးရန် တောင်းဆို ကန့်ကွက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ထိုပြဿနာကို သံတမန်နည်းလမ်းနှင့် ဖြေရှင်းနိုင်ရန် အားထုတ်သည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးအား မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သော်လည်း မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ်၏ တောင်းဆိုချက်ကို ပယ်ချကာ ဒေဝူးကုမ္ပဏီနှင့် သူ၏ စစ်သင်္ဘောများ နေရာယူ လုပ်ကိုင်နေသော ရေပြင်ဧရိယာသည် သူ့နိုင်ငံ ရေပြင် ပိုင်နက်ထဲတွင်ပင် တည်ရှိနေသေည်ဟု ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး အိဖ်ခါး အာမက် ချောင်ဒရီနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း သည် ယခုလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသော ဘင်္ဂလားပင်လယ်အော် နည်းပညာ၊ စီးပွားရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အစည်းအဝေးပွဲ၏ ပြင်ပတွင် အချိန်ယူ၍ ထပ်မံတွေ့ဆုံခဲ့ကြသေးသည်။

ဆွေးနွေးပွဲများသည် နွေးထွေးမှု ရှိသော်လည်း ဝန်ကြီးနှစ်ဦးမှာ သဘောတူညီမှု မရရှိနိုင်ခဲ့ပေ။ သို့သော် နှစ်ဦးစလုံးက ထိုကိစ္စနှင့် ပတ်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန်နှင့် သံတမန်နည်းလမ်း အရသာ ဖြေရှင်းရန် သဘောတူညီခဲ့ကြသည်။

ရန်ကုန်ရှိ ဒေဝူး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းမှ အရာရှိ ဒီ အက်(စ်) ကင်(မ်) က ထိုနေရာတွင် စမ်းသပ် ရှာဖွေရေးလုပ်ငန်းများ ပြီးဆုံးသွားသောကြောင့် အခြားနေရာသို့ ရွှေ့ပြောင်းရန်အတွက် လုပ်ကွက် အမှတ် AD-7 မှ လုပ်ငန်းများကို ယခုလ ၈ ရက်နေ့က ပြန်လည် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ပြောဆိုခဲ့သည်။

မစ္စတာ ကင်(မ်)က "ကျနော်တို့ လုပ်ကွက်အမှတ် AD-7 မှာ လုပ်ငန်းတွေ ပြီးစီးသွားလို့ တခြား လုပ်ကွက် အမှတ် A-3 ကို ရွှေ့ပြောင်းခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */