လက်ခုပ်ကုန်း Cyclone Shelter ဒေသခံတို့ အတွက် လက်တွေ့ အကျိုးမရှိနိုင်

Saturday, November 28, 2009 ·

အောင်ထက် | ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်း ကျေးရွာတွင် တည်ဆောက်လျက် ရှိသည့် Cyclone Shelter မှာ ၂၀၁၀ မတ်လ တွင် ပြီးစီးမည်ဟု နိုင်ငံပိုင် ရုပ်သံတွင် ဖော်ပြ နေသော်လည်း မျက်မြင် အခြေအနေ အရ ရှေ့နှစ် ဒီဇင်ဘာပြီးစီးရန်ပင် မဖြစ်နိုင်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

မူလက ဆယ်အိမ်တန်း ကျေးရွာတွင် Cyclone Shelter တည်ဆောက်ရန် လျာထား သော်လည်း အဆောက်အအုံ ခံနိုင်ဝန်အားအရ လက်ခုပ်ကုန်း ကျေးရွာတွင် ၂၀၀၉ ခု ဖေဖော်ဝါရီလ၌ စတင် တည်ဆောက် ခဲ့သည်။

ယင်း Shelter သည် လေပြင်းဒဏ် ခံနိုင်ရန် အခုံး ပုံသဏ္ဌာန် ခြေတံရှည် (၂) ထပ်ဖြစ်ပြီး (၆) ဧက အကျယ် မြေနေရာ၌ အဆောက်အအုံ အကျယ်အ၀န်း (၁၃၅) ပေ ပတ်လည် တည်ဆောက်နေခြင်း ဖြစ်သည်။

ဘေးအကာနံရံ (၃) ပေထုနှင့် အဆောက်အအုံ အပေါ်ထပ်၌ သောက်ရေကန် (၂) ကန်ထားရှိမည် ဖြစ်ကြောင်း၊ ရေကန် (၂) ခုကြား ရဟတ်ယာဉ် ဆင်းသက်ရန် ကွင်းတခုပါရှိမည် ဖြစ်ပြီး (၂၄) နာရီ မီးပေးစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း၊ အသက်ကယ်ကုန်း တည်ဆောက်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

တည်ဆောက်ရန် ထိုသို့ အစီအစဉ်ရှိသော်လည်း ယနေ့အထိ (၁၀) ပေခန့် အောက်ခံဖောင်ဒေးရှင်းနှင့် ကွန်ကရစ်တိုင် ထူသည့် အဆင့်သာ ပြီးစီးသေးသည်။

“လက်ခုပ်ကုန်း Shelter က လူ (၅၀၀) ဆံ့တယ်ကြားတယ်။ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ ကညင်ကုန်း၊ ကန်လျားရှည်တို့လို ရွာနီး ချုပ်စပ်တွေ မပြောနဲ့၊ လူ (၃,၀၀၀) ကျော်ရှိတဲ့ လက်ခုပ်ကုန်းတရွာတည်း ရေဘေးခိုလှုံဖို့ နေရာ မလုံလောက်ဘူး” ဟု ကရင်ချောင် ကျေးရွာလူကြီးတဦးက သုံးသပ်သည်။

ထို့ပြင် လက်ခုပ်ကုန်း Cyclone Shelter တည်ဆောက်မှုသည် ဒေသခံ အချို့အား အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ် ပေးနိုင်ရုံက လွဲ၍ ဒေသ အကျိုး၊ ပြည်သူ အကျိုး လက်တွေ့ မဖြစ်နိုင်ဟု ကျေးရွာ ရယက အဖွဲ့ဝင် တဦးက ဆိုသည်။

သိန်းပေါင်း သောင်းချီ ကုန်ကျနိုင်မည့် ယခုကဲ့သို့ Shelter ဆောက်လုပ်ခြင်းထက် စီးပွားရေး လုံးဝဆုတ်ယုတ် ကျဆင်းသွားသည်မှာ (၇) နှစ်ခန့်ရှိပြီဖြစ်သော လက်ခုပ်ကုန်း ကမ်းခြေ ဟိုတယ် လုပ်ငန်းများ၊ တွံတေးလိုင်းခွဲမှ ယူထားသော လျှပ်စစ်မီးစနစ်နှင့် ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြည့်စုံ ကောင်းမွန်ရန်သာ ဒေသခံတို့က ပိုမိုလိုလားနေကြသည်။

ဒလ-လက်ခုပ်ကုန်း ကားလမ်းသည် (၂၈) မိုင်ရှည်လျားပြီး ဓနုတ် ကျေးရွာ အထိသာ ကတ္တရာလမ်းသား အတန်အသင့်ရှိသည်။ ဓနုတ်ကျေးရွာ အလွန် ၀ါးဘလောက်သောက်၊ နှစ်ခွရွာ၊ ရေတိမ်ရွာတို့မှသည် လက်ခုပ်ကုန်း ကျေးရွာ အထိမှာ မြေသားရော ကတ္တရာလမ်း ဖြစ်သည်။ ခရီးသည်တင် ဂျစ်ကား (၂) စီးသာထွက်ရှိပြီး နေ့တ၀က် မောင်းရသည်ဟု သိရသည်။

ယခင်က လက်ခုပ်ကုန်း ကမ်းခြေသည် လှိုင်းလေထန်၍ လှေလှော် ရွက်တိုက် အသင်းများ လာရောက် လေ့ကျင့်ခဲ့ကြသည်။

ပင်လယ် လေလှိုင်းအားနှင့် ပန်ကာ ဒလက်များ လည်ပတ်စေကာ လျှပ်စစ် ထုတ်ယူရန် နှစ်ရှည် သုတေသန ပြုခဲ့ဖူးပြီး ခရီးသွား လုပ်ငန်း အထူးဇုန် အဖြစ် နအဖမှ သတ်မှတ်ကာ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့သည်။

သို့သော် ပင်လယ် သဘာဝ ပြောင်းလဲမှု အရ လက်ခုပ်ကုန်း ကမ်းခြေနှင့် (၁) မိုင်ခန့် အကွာ၌ သောင်ရှည်ကြီး ပေါ်ထွန်းလာပြီး ကမ်းခြေသို့ လှိုင်းမရိုက်တော့ဘဲ ခရီးသွား ကျဲပါးလာကာ လက်ခုပ်ကုန်း ဟိုတယ်လုပ်ငန်းများ၊ ဒေသခံတို့၏ ရောင်းဝယ် ဖောက်ကားမှုများ ပျက်စီး ခဲ့ရသည်။

နာဂစ် လေဘေး သင့်စဉ်က လက်ခုပ်ကုန်း ကျေးရွာ အုပ်စုတွင် (၄) ပေခန့် ပင်လယ်ရေ မြင့်တက်ခဲ့ပြီး လက်ခုပ်ကုန်း ရွာသား (၃) ဦး သေဆုံးခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */