ဖမ်းထားသောသတင်းသမားများလွှတ်ပေးရန် BNI သတင်းအဖွဲ့တောင်းဆို

Sunday, November 22, 2009 ·


နိုဝင်ဘာ ၁၅-၁၇ ရက် နေ့အထိ တိုင်းရင်းသားသတင်းအဖွဲ့ ၁၁ ဖွဲ့ ပါဝင်သည့် ဘီအဲန်အိုင် သတင်းဌာန ၁၄ ကြိမ် မြောက် အစည်းအဝေး မှ နအဖ စစ်အစိုးရ ဖမ်းထားသည့် သတင်းသမားများ အားလုံးလွှတ်ပေးရန် သတင်းထုတ် ပြန်တောင်းဆို ခြင်းဖြစ်သည်။

ဘီအဲန်အိုင်အစည်းအဝေးသို့ တက်ရောက်လာသည့် သတင်းဌာန ကိုယ်စားလှယ်အသီးသီးက မိမိတို့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတက်မှုများ အပြန်အလှန်လေ့လာဆွေးနွေးဆန်းစစ်ခဲ့ပြီး ဘီအဲန်အိုင်သတင်းဌာန အသင်းကြီးအတွက် ရှေ့လုပ် ငန်းစဉ်များ ရေးဆွဲချမှတ်သည့်အပြင် အစည်းအဝေးနောက်ဆုံးရက်၌ နအဖထံ တောင်းဆိုမှုများလည်း တညီ တညွတ်တည်း သတင်းထုတ်ပြန်တောင်းဆိုရန် သဘောတူခဲ့ကြသည်ဟု ဆို၏။

ဘီအဲန်အိုင်မှ ပြန်ကြားရေးတာဝန်ခံအဖွဲ့ပါဝင်သူ ဦးခွန်ဆိုင်းက -“၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ဖြစ်မယ်လို့ နအဖ ပြောထားတယ်။ ပြောထားတဲ့အတိုင်း အကောင်အထည်ဖေါ်ဖို့ ဆိုယင် လွတ်လပ်စွာ သတင်းရယူမှု လွတ်လပ်စွာသတင်းပြန့်ချီမှု ရှိရမယ်။ ဒီအတွက်ဖမ်းဆီးထားတဲ့ နိုင်ငံရေး သမားတွေ သတင်းသမားတွေ လွှတ်ပေးရမှာပေါ့” - ဟု ပြောပြ၏။


BNI Burma News International အင်တာနက်သတင်းစာမျက်နာ

ထုတ်ပြန်ကြေငြာချက်ပါ တောင်းဆိုချက်တွင် - ၁။ မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ဖမ်းဆီးထားသောသတင်းထောက် များ အားလုံးကို ရွေးကောက်ပွဲ မတိုင်မှီ ချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်။ ၂။ ပြည်တွင်းပြည်ပသတင်းထောက် များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် နှင့် ပုံနှိပ်ဖေါ်ပြခွင့်ပြုရန်။ ၃။ သတင်း၊ စာနယ်ဇင်းများအပေါ်တင်းကျပ် သော စည်းကမ်းချက်များ ၊ စာပေစီစစ်ရေးမှ ဆင်ဆာလုပ်မှုများကို ရပ်ဆိုင်းရန် စသဖြင့်တောင်းဆိုခဲ့သည်ဟု သိရသည်။


ထို့အပြင် ဦးခွန်ဆိုင်းက -“အခုအခြေအနေမှာ နအဖ စစ်အုပ်စု ဖမ်းထားတဲ့ သတင်းသမားဘယ်နှစ်ယောက်ရှိ တယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ တချို့သတင်းသမားတွေက သတင်းရဖို့ နိုင်ငံရေး အုပ်စုတွေနဲ့ သွားတွဲတော့ အဖမ်းခံရတယ်။ သူတို့တွေကို ကိုယ့်လူလို့ ဖွင့်ပြောဖို့လဲအခက်၊ ဒါပေမယ့်နောက်ဆုံး ပြီးခဲ့တဲ့ တစ်လ နှစ်လ ကဆို ဒါဇင်နဲ့ချီပြီး သတင်းသမားတွေအဖမ်းခံရတယ်၊ အဲဒါတွေ ပြန်လွှတ်ပေးရမှာပေါ့”- ဟု ပြော၏။

ဘီအဲန်အိုင် BNI Burma News International (http://www.bnionline.net) အဖွဲ့သည် ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကချင်သတင်းဌာန့ http://www.kachinnews.com ၊ ကရင်သတင်း ဌာန http://www.kicnews.org ၊ မဇ္ဈိမသတင်းဌာန http://www.mizzima.com ၊ ကန္တာရ၀တီတိုင်းမ် သတင်းဌာန့ http://www.ktimes.org ၊ ကုလားတန် သတင်းဌာန http://www.kaladanpress.org ခါဝေါ၀်သတင်းဌာန http://www.kaowao.org ၊ နိရဉ္စရာသတင်းဌာန http://www.narinjara.com ၊ သျှမ်းသံတော်ဆင့်သတင်းဌာန http://www.shanland.org ၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ http://www.monnews-imna.com ၊ သတင်းနှင့် မီဒီယာကွန်ယက် http://www.nmg-news.com နှင့် ခေါန်နုမ်ထုမ် သတင်းဌာန http://www.khonumthung.com တို့ ပါဝင်သည်။


source by : သျှမ်းသံတော်ဆင့်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */