ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ

Saturday, November 28, 2009 ·

အောင်ကျော်မိုး | ဒေါ်လာ အပါအဝင် နိုင်ငံခြား ငွေဈေးများ ကျဆင်း နေ၍ အန်ဂျီအို လုပ်ငန်း လုပ်ကိုင် နေသူများ အထူး ထိခိုက် နစ်နာနေရကြောင်း နာဂစ် ဒေသ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသည့် အန်ဂျီအို တခုမှ ဆရာဝန် တဦးက ပြောသည်။

၎င်းက “ကျနော် တို့ကို နိုင်ငံရပ်ခြား အန်ဂျီအို တွေကနေ နာဂစ် ကယ်ဆယ်ရေးမှာ သုံးဖို့ ပုံမှန် ငွေပို့ပေးတယ်။ တချို့ ငွေတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘဏ်ကနေ တရားဝင်လွှဲပေးပြီး ဒီမှာ အက်ဖ်အီးစီနဲ့ ပြန်ထုတ် သုံးတယ်။ နောက် တချို့ဒေါ်လာ အဖြစ်နဲ့ပဲ လူနဲ့ သယ်လာပြီး သုံးတယ်။ အဲဒီ (၂) မျိုးစလုံးကို ကျပ်ငွေနဲ့လဲပြီး သုံးရတာမို့ အခု ဒေါ်လာဈေးကြောင့် ကျနော်တို့ဆီ ဝင်လာတဲ့ ငွေတွေဟာ ပြီးခဲ့တဲ့ လကနဲ့ စာရင် (၁ဝ) ရာခိုင်နှုန်းကျော် လျော့သွားတယ်။ ဒါပေမယ့် ကျနော်တို့ ဒီမှာ မြန်မာ ကျပ်ငွေနဲ့ ပြန်ပြီး ဝယ်ခြမ်း သုံးနေရ တာတွေက တခုမှ ဈေးမကျဘူး။ ဒီအတွက် နဂိုက ကျနော်တို့ တင်ထားတဲ့ proposal တွေကို အဆင်ပြေအောင် လုပ်နိုင်ပါ့မလား မသိဘူး” ဟု ပြောသည်။

အလားတူ ပြည်တွင်းရှိ အန်ဂျီအို အဖွဲ့တွင် အလုပ်လုပ်နေသူများ၊ သံရုံးတို့၌ အလုပ်လုပ် နေသူများမှာလည်း ဒေါ်လာဈေးကြောင့် ၎င်းတို့ ဝင်ငွေများ (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

နိုင်ငံခြားတွင် အလုပ်လုပ်ပြီး မြန်မာ ပြည်တွင်းသို့ ငွေပြန်ပို့သည့် သန်းနှင့် ချီရှိသည့် မြန်မာ နိုင်ငံသားတို့၏ ဝင်ငွေများလည်း အလားတူ လျော့ကျသွားပြီး အထွေထွေ ကုန်ဈေးနှုန်းများက မကျခြင်းကြောင့် မိသားစုဝင်များ အခက်အခဲ ကြုံရကြောင်း သိရသည်။

နိုင်ငံခြားငွေဖြင့် လစာ ရနေသူများ၊ နိုင်ငံခြားမှ ငွေပေးပို့မှုကို လက်ခံ နေထိုင် စားသောက်သူများ သာမက နိုင်ငံခြားသို့ ပို့ကုန် တင်ပို့ နေသည့် ပို့ကုန် လုပ်ငန်းများလည်း ထိခိုက် လာနေကြောင်း သိရသည်။

ရေထွက်ပစ္စည်း နိုင်ငံခြား တင်ပို့သူတဦးကလည်း “အခု ကျနော်တို့ ရေထွက်ကုန်ပို့ပြီး ပြန်ရတဲ့ Export Earning ဈေးနှုန်းတွေက ကျပ် (၁,ဝဝဝ) စွန်းစွန်းပဲ ရှိနေတယ်။ ဆိုတော့ ကျနော်တို့ ပို့လိုက်ချိန်တုန်းက ဝယ်ဈေး၊ စရိတ် အဲဒါတွေအားလုံး တွက်လိုက်ရင် ရှုံးတောင် ရှုံးနေတယ်။ ခု ဆက်ပြီး ပို့မလား မပို့ဘူးလား စဉ်းစားနေတယ်” ဟု ပြောသည်။

အလားတူ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကလည်း ၎င်းတို့၏ ဝန်ဆောင်ခကို ဒေါ်လာငွေနှင့် တွက်ချက် ကောက်ခံထားပြီး ပြည်တွင်း၌ မြန်မာကျပ်ငွေ အသုံးပြုကာ ဝန်ဆောင်မှု ပေးနေရသည့် အပေါ် အမြတ်အစွန်း မကျန်သလောက် ဖြစ်လာနေကြောင်း ပြောပြကြသည်။

ရန်ကုန်ဈေးကွက်တွင် ဒေါ်လာပေါက်ဈေးမှာ ပြီးခဲ့သည့်လက (၁) ဒေါ်လာ ကျပ် (၁,၁ဝဝ) နီးပါး ရှိရာမှ ယနေ့ ၂၇-၁၁-ဝ၉ နေ့တွင်မူ (၁) ဒေါ်လာ ကျပ် (၉၉ဝ) ဝန်းကျင်သာရှိပြီး (၁ဝ) ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကာ Export Earning ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လ အထိ (၁) ဒေါ်လာ (၁,၁၃ဝ) ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ Export Earning ပေါက်ဈေး (၁) ဒေါ်လာ (၁,ဝ၂ဝ) ဝန်းကျင်သာ ရှိသည်။

ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင် တဦးက မြန်မာ နိုင်ငံတွင် ဒေါ်လာ ငွေဈေးတက်ပါက ကျန်သည့် အထွေထွေ ကုန်ဈေးနှုန်းများ လည်း အမြဲတမ်း လိုက်ပါ မြင့်တက်လျက် ရှိသော်လည်း ဒေါ်လာငွေ တန်ဖိုး နိမ့်ကျပါက အထွေထွေ ကုန်ပစ္စည်းတန်ဖိုး လိုက်ပါ နိမ့်ကျခြင်းမျိုးက နည်းသည့် အတွက် ပြည်သူ အများစု အခက်အခဲတွေ့ ဒုက္ခရောက် ရသည်ဟု ပြောသည်။

၎င်းက “ဒီပြဿနာ ပြေလည်ဖို့ဆို စီးပွားရေး လုပ်ငန်းတွေမှာ အမှန်တကယ် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုနဲ့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရှိဖို့ လိုအပ်တဲ့ အပြင် မြန်မာ ကျပ်ငွေတန်ဖိုး တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်။ အဲဒီလို မဟုတ်ရင်တော့ မြန်မာ့ စီးပွားရေး မတည်မငြိမ် ဖြစ်ပြီး ပြည်သူ အများစု ဒုက္ခရောက်ကြမှာ ဖြစ်တယ်” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */