ရန်ကုန်တွင် အမျိုးသမီးငယ်တဦး မိမိကိုယ်ကို အဆုံးစီရင်

Monday, November 30, 2009 ·

မဇ္မျိမ | နယူးဒေလီ ။ ။ ၁၆ နှစ်အရွယ်ရှိ မိန်းကလေးတဦးသည် မြို့တော်ဟောင်း ရန်ကုန်တွင် ၅ ထပ်တိုက်ပေါ်မှ ခုန်ချကာ ယနေ့ အဆုံးစီရင်သွားကြောင်း ရဲက ပြောသည်။

ရန်ကုန်မြို့တွင်းပိုင်းတွင် တည်ရှိသည့် လမ်းမတော်မြို့နယ် ၁၄ လမ်းတွင် နေထိုင်သည့် မဇင်သူထက်သည် ယနေ့ အစောပိုင်းတွင် သူမနှင့် သူမ၏ မိသားစုများ နေထိုင်သည့် ၅ ထပ်တိုက် အပေါ်ဆုံးထပ်မှ ခုန်ချခဲ့ကြောင်း ရဲစခန်းက ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

''မိန်းကလေးက ပွဲချင်းပြီး ဆုံးသွားတာပါ။ ဒီကနေ့ မနက် ၆ နာရီ (ဒေသစံတော်ချိန်) မှာ အဆောက်အဦးပေါ်က ခုန်ချခဲ့တာပါ'' ဟု လမ်းမတော် ရဲစခန်းရှိ ရဲအရာရှိတဦးက ပြောသည်။

သေဆုံးသူ၏ မိဘများ ထွက်ဆိုချက် အရ မိဘများနှင့် စကားများပြီးနောက် အပေါ်ဆုံးထပ်မှ ခုန်ချသွားကြောင်း သိရသည်ဟု ရဲက ဆက်လက်ပြောဆိုသော်လည်း မည်ကဲ့သို့ ဖြစ်ပွားခဲ့ပုံနှင့် အမှုဖွင့်ခြင်း ရှိ၊ မရှိကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော် အမှုကို ဆက်လက်၍ စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

အိမ်နီးချင်းများနှင့် ရဲ အဆိုအရ သေဆုံးသူ မိန်းကလေးသည် ၁ဝ တန်းအောင် ကျောင်းသူတဦးဖြစ်ပြီး၊ လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ် တက်ရောက်မည့်သူဖြစ်ကြောင်း သိရသည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */