ရန်ကုန် တိရစ္ဆာန် ဥယျာဉ် မြေနေရာ ရောင်းချကြောင်း သတင်း မမှန်ကန်

Saturday, November 28, 2009 ·

အောင်ထက် | တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) မြေနေရာအား ရောင်းချပြီး ဖြစ်၍ တိရစ္ဆာန် များအား မြန်မာပြည် အလယ်ပိုင်း ဘေးမဲ့ တောများသို့ ရွှေ့မည်ဟူသော သတင်းများ ရန်ကုန်မြို့ အတွင်း ထွက်ပေါ်လျက်ရှိရာ ၎င်းတို့မှာ အခြေအမြစ် မရှိသော သတင်းများသာ ဖြစ်ကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ်၏ အုပ်ချုပ်ရေးမှူး ဦးညိုအေးက ငြင်းဆို လိုက်သည်။

အသက်အရွယ် အိုမင်းနေသည့် ဟိမ၀န္တာ ၀က်ဝံ (၁၅) ကောင်အား အလောင်းတော် ကဿပ ဘေးမဲ့တောသို့ လွှတ်ရန် စီစဉ်နေခြင်းကို ထင်ယောင် ထင်မှား ပြောဆိုနေခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ခံများက ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ဝင်း အတွင်းမှ တိရစ္ဆာန်များ နည်းသွားသည့် အတွက် ယခင် ကဲ့သို့ ကြည့်ရှုချင် စဖွယ် မရှိဟု ပြောကြသည်။

“နှစ်ချီပြီး နေလာတဲ့ တိရစ္ဆာန် အတော်များများကို မနှစ်က ဇူလိုင်လောက်က နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ကို ပို့လိုက်တယ်။ ခုဆို ကြံ့တကောင်၊ သစ်ကုလားအုတ် တကောင်၊ ခြင်္သေ့ဆို လုံးဝ မရှိတော့ဘူး၊ အကောင်ငယ် တချို့လောက်ပဲ ကျန်ခဲ့တော့ အနားယူ အပန်းဖြေတဲ့သူ အရမ်းနည်းသွားတယ်” ဟု ကျောင်းဆရာမ တဦးက ပြောသည်။

တိရစ္ဆာန် ဥယျာဉ်မှ အုပ်ချုပ်ရေးမှူးကမူ “ရန်ကုန် တိရစ္ဆာန် ဥယျာဉ်က ခွဲပို့တာ နည်းပါတယ်။ မင်္ဂလာဒုံ၊ လှော်ကား ဥယျာဉ်က ဘေးမဲ့ တိရစ္ဆာန်တွေရယ်၊ ကျားဖြူ (၂) ကောင်လို ပြည်ပက လာရောက် လှူဒါန်းတဲ့ တိရစ္ဆာန်တွေကိုသာ နေပြည်တော် တိရစ္ဆာန်ဥယျာဉ် ပို့တာဖြစ်တယ်” ဟု ပြောသည်။

တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) ကို ၁၉၀၁ ခုနှစ်တွင် ပြည်သူတို့၏ အလှူငွေ (၂) သိန်း (၄) သောင်းကျပ်ဖြင့် မြေရိုင်း (၆၁) ဧကကို ရှင်းလင်းပြီး စတင် တည်ဆောက် ခဲ့သည်။ ၁၉၀၆ ခု ဇန်န၀ါရီတွင် အသစ် ဆောက်လုပ်ကာ “၀ိတိုရိယ ဘုရင်မ ပန်းခြံနှင့် တိရစ္ဆာန် ဥယျာဉ်” ဟု အမည်ပေးခဲ့သည်။

ဥယျာဉ်ဝင်း အတွင်း ၁၉၉၇ ခု အောက်တိုဘာ (၇) ရက်တွင် နိုင်ငံတကာ အဆင့်မီ ဘက်စုံ ကစားကွင်းကို ဖွင့်လှစ် နိုင်ခဲ့သည်။

နေ့စား ၀န်ထမ်းများ အပါအ၀င် ၀န်ထမ်း (၃၀၀) ခန့် ပုံမှန် လုပ်ငန်းခွင် ၀င်လျက်ရှိပြီး ဥယျာဉ် အတွင်း တိရစ္ဆာန် အစားအစာဆိုင် (၁၂) ဆိုင်၊ ဆိုင်ငယ် (၂၀) ခန့်နှင့် ပြင်ပမှ လစဉ် အခွန်ပေးသွင်းရောင်းချသည့် ဆိုင်များ ဖွင့်လှစ်ထားရှိသည်။

“တနှစ်ထက် တနှစ် လေလံကြေးတွေ မြင့်လာတယ်။ လက်ဖက်ရည်၊ အအေးဆိုင်တွေက တလ (၂၂၅,၀၀၀) ကျပ် ပေးသွင်းရတယ်။ ဆင်အစားအစာ အရောင်းဆိုင်ဆို တလ (၁၅) သိန်းလောက် သွင်းရတယ်။ လူအ၀င်နည်းတဲ့ ခုလိုရာသီဆို လစဉ်ကြေး အလျဉ်မီအောင် မနည်း လုပ်နေရတယ်” ဟု ဆိုင်ရှင်တဦးက ပြောသည်။

တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) သည် မြေဧရိယာ အကျယ် (၆၉.၂၅) ဧကရှိပြီး နှစ်စဉ် အပန်းဖြေရန် လာရောက်သူ (၁) သန်းခွဲခန့် ရှိကြောင်း သိရသည်။

“တိရစ္ဆာန် ဥယျာဉ်သည် ရန်ကုန်မြို့၏ အထင်ကရ နေရာများ ဖြစ်သည့် ကန်တော်ကြီး၊ ရွှေတိဂုံ ဘုရား၊ အလံပြ ဘုရားလမ်း (စစ်ရုံး) များနှင့် နီးနေသည့် အတွက် လုပ်ငန်းရှင်များက မျက်စိကျ နေကြကြောင်း ဗဟန်း မြို့နယ်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */