မယ်လ ဒုက္ခသည် စခန်းသို့ အလှူရှင်များ သွားရောက် လေ့လာ

Wednesday, November 25, 2009 ·

ရဲရင့် | ထိုင်းနယ်စပ်ရှိ မြန်မာ ဒုက္ခသည် စခန်းတွင် ၎င်းတို့ လှူဒါန်းထားမှု အနေအထားများ သိနိုင်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ ယမန်နေ့၌ သွားရောက် လေ့လာခဲ့ကြသည်။

မယ်လ ဒုက္ခသည် စခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “သူတို့လာတာက သူတို့ လှူထားတာတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲသလဲ ဆိုတာကို လာလေ့လာတာ ဖြစ်တယ်။ ဒီက အနေအထားကို ကြည့်ပြီး လာမယ့် ၂၀၁၀ အတွက် ဘတ်ဂျက်ဆွဲဖို့ ဖြစ်တယ်လို့ သိရတယ်” ဟု ပြောသည်။

ဥရောပ သမဂ္ဂ၏ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ဆိုင်ရာ သံအမတ် မစ္စတာ ဒေးဗစ်လစ်မင်း ဦးဆောင်သည့် အဖွဲ့ဝင် (၂၇) ဦးပါ သံတမန်များ အဖွဲ့သည် မယ်လ စခန်း၏ စီမံခန့်ခွဲမှုဌာနကြီး (၅) ခုဖြစ်သည့် ကျန်းမာရေး ဌာန၊ ရေပေး ဝေရေးနှင့် သန့်ရှင်းရေး ဌာန၊ ပညာရေး ဌာန၊ ဥပဒေ အကြံပေးဌာန၊ ရိက္ခာ ထုတ်ပေးရေး ဌာနတို့ကို စစ်ဆေးခဲ့ကြသည်။

အလှူရှင်နိုင်ငံတို့မှ ယခုကဲ့သို့ ကွင်းဆင်းလာရောက်ခြင်းသည် ဒုက္ခသည်စခန်းများတွင် အဂတိ လိုက်စားမှုများ တိုးပွားလာခြင်းနှင့် ဆက်စပ်မှု ရှိကြောင်း ဒုက္ခသည် အရေး ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့တခုမှ ဌာနေ ၀န်ထမ်း တဦးက ပြောသည်။

၂၀၀၆ ခုနှစ်မှ စ၍ ဒုက္ခသည် စခန်းတို့မှ ဒုက္ခသည်များကို တတိယ နိုင်ငံများသို့ ပြောင်းရွှေ့ အခြေချခွင့်ပြုရာ ဒုက္ခသည် အစစ်အမှန်မဟုတ်ဘဲ မသမာသည့်နည်းဖြင့် ရောက်ရှိသွားသူများအနက် (၉၅) ရာခိုင်နှုန်းမှာ မယ်လ စခန်းမှ အများစုပါဝင်သည်ဟု ယူအန်အိပ်ခ်ျစီအာက ပြောကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ယင်းဖြစ်ရပ်များကြောင့် မယ်လစခန်းမှ ဒုက္ခသည်များ အမေရိကန် နိုင်ငံသို့ သွားရောက် အခြေချခွင့်ကို ယခင်လမှ စကာ ရပ်နားထားပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က စခန်း အတွင်း စစ်ဆေးလျက် ရှိသည်။

မယ်လ စခန်းတွင် တရားဝင် ဒုက္ခသည် (၃၁,၀၀၀) ခန့်နှင့် တရားမ၀င် (၂၅,၀၀၀) ခန့် နေထိုင်လျက် ရှိပြီး အဆိုပါ လူသစ်များ အတွက် အခြေခံ စားကုန်များကို ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က ထောက်ပံ့ ပေးထားသည်။

တီဘီဘီစီ အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ မြန်မာ ဒုက္ခသည် စခန်း (၉) ခုမှ ဒုက္ခသည် (၁၃၀,၀၀၀) အတွက် စားနပ် ရိက္ခာများကိုလည်း ထောက်ပံ့ ပေးလျက်ရှိပြီး ယင်းအဖွဲ့ အတွက် အဓိကရန်ပုံငွေ ထည့်ဝင်သည့် အလှူရှင်များမှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */